Arsenal Myanmar Forever (AM Official)

"စည်းကမ်းချက်များ"

ကျွန်တော်တို့ AMF Group မှာ ဆဲဆိုခြင်း ၊ မောင်နှမသားချင်း ကြည့်ရှုရန် မသင့်တော်သော ပုံများတင်ခြင်း ၊ တွေ့ကရာ ဂရုများမှာ တစ်ခြားအသင်း ပရိသတ်များနှင့် ရန်ဖြစ်ကာ ပြဿနာများကို ဂရုထဲ သယ်လာခြင်း ( ဥပမာ ။ ။ အပြန်အလှန်ပြောဆို၊ဆဲဆိုထားသော ကိစ္စများကို screen shot ရိုက်ကာ ပြန်တင်ခြင်း) များ ပြုလုပ်လာလျှင်...

ပထမအဆင့် - ရေးသူကို သတိပေးပြီး အဲဒီ post ကို ဖျက်ပစ်ပါမယ်။
ဒုတိယအဆင့် - နောက်တစ်ကြိမ်ထပ်တင်ရင် ရေးသူကို ထပ်သတိပေးပြီး သူ့ post ကို သူ့ဘာသာ ပြန်ဖျက်ခိုင်းပါမယ်။
တတိယအဆင့် - ရေးသူက မဖျက်ပေးရင်သော်လည်းကောင်း ၊ ထပ်တင်ရင်သော်လည်းကောင်း အဆိုပါ ပုဂ္ဂိုလ်အား ဂရုမှ ထုတ်ပယ်သွားမှာ ဖြစ်ပါတယ်။

ဘောလုံးနှင့်မသက်ဆိုင်သော ဘာသာရေးစော်ကားမှုများ ၊ နိုင်ငံရေးနှင့် သက်ဆိုင်သော post များ တင်လျှင်တော့ သတိမပေးပဲ ဖျက်ပစ်လိုက်မှာ ဖြစ်ပါတယ်။ ဒါကိုတော့ နားလည်ပေးစေချင်ပါတယ်။

ထို့အပြင် member များ စိတ်အနှောက်အယှက် ဖြစ်စေမည့်ပို့စ်များ၊ ဘောလုံးနှင့်မသက်ဆိုင်သော ကြော်ငြာ များ ကိုလည်း ဖျက်ပြစ်မည့်အပြင် တင်သည့်သူကို AMF group မှ ထုတ်ပယ်သွားပါမည်။

အားလုံးကို ကျေးဇူးတင်ပါတယ်...
AMF

AMF မှာ အာဆင်နယ်အားပေးသူ ပရိသတ်များခင်ဗျာ....
မိမိတို့ ပေးထားတော့ comment များ ပျောက်ပျက်သွားပါက စိတ်မဆိုးကြစေလိုပါ။ အများပြည်သူ ကြည့်ရှုရန် မသင့်တော်သော post and comment များ၊ ရိုင်းပြစွာ ပြောဆိုထားသော post and comment များကို အက်မင်များမှ တိုင်ပင်ပြီး ဖျက်ပစ်မှာဖြစ်ပါတယ်။ မိမိ comment အဖျက်ခံရပါက မသင့်တော်သောကြောင့် အဖျက်ခံလိုက်ခြင်းသာဖြစ်ပြီး၊ အဘယ်ကြောင့် အဖျက်ခံရသည်ကို သိရှိလိုပါက arsenal.myanmar.1@facebook.com သို့ ဆက်သွယ်ပြီး မေးမြန်းနိုင်ပါတယ်။

ArsenalMyanmar